Local News

ဒီဇင်ဘာလ တစ်လအတွင်း မတ်ပဲ၊ ငရုပ်သီး၊ မန်ကျည်းသီးတို့၏ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းများ

Last Updated:

မတ်ပဲ FAQ/RC 2021

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မတ်ပဲ FAQ/RC 2021 ၏ (၁-၁၂-၂၀၂၁ မှ ၃၀-၁၂-၂၀၂၁) ထိ တစ်လအတွင်း ဖြစ်ပေါ် ခဲ့သောဈေးနှုန်းများမှာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျပ် ၁၄၂၅၀၀၀ ဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျပ် ၁၂၈၂၅၀၀ ဖြစ်သောကြောင့် တစ်လအတွင်း ဈေးနှုန်း ကျပ် ၁၄၂၅၀၀ ဈေးလျော့ကျခဲ့ကြောင်းသိရသည်။

ငရုပ်သီး

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁-၁၂-၂၀၂၁ မှ ၃၀-၁၂-၂၀၂၁) ထိ တစ်လအတွင်း ဖြစ်ပေါ်ခဲ့သော ငရုပ်သီးဈေးနှုန်းများမှာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပန်းရဲ (AC ) ငရုပ်ရှည်  ကျပ် ၄၃၀၀၊ ရမည်းသင်း (မိုးထောင်) သစ် ကျပ် ၃၆၀၀၊ ပျော်ဘွယ် (မိုးထောင်)သစ် ကျပ် ၃၆၀၀၊ သာစည် ( မိုးထောင်) သစ် ကျပ် ၃၆၀၀၊ ဟင်္သာတ (မိုးထောင်) ကျပ် ၃၂၀၀၊ အိမ်မဲ ( AC ) ကျပ် ၄၀၀၀၊ ပန်းတနော်( AC ) ကျပ် ၄၀၀၀၊ ဆင်ဖြူကျွန်း ( ပု ) AC     ကျပ် ၅၅၀၀၊ မြစ်ဝ (ပု)  AC  ကျပ်  ၈၅၀၀ ဖြစ်ပေါ် ခဲ့သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပန်းရဲ   AC  ကျပ် ၁၂၀၀၊ ရမည်းသင်း (မိုးထောင်) သစ် ကျပ် ၅၀၀၊ ပျော်ဘွယ် (မိုးထောင်) သစ် ကျပ် ၅၀၀၊ သာစည် ( မိုးထောင်) သစ် ကျပ်  ၅၀၀၊ ဟင်္သာတ ( မိုးထောင် ) ကျပ် ၁၀၀၊ အိမ်မဲ ( AC ) ကျပ် ၂၀၀၊ ပန်းတနော် ( AC  ) ကျပ် ၂၀၀၊ ဆင်ဖြူကျွန်း   (ပု) AC ကျပ် ၂၀၀၀ ခန့် ဈေးမြင့်တက်ခဲ့ကြပြီး မြစ်ဝ (ပု) AC  မှာ ကျပ် ၃၀၀ ခန့် ဈေးကျဆင်းခဲ့သည်။ တစ်လအတွင်း ငရုပ်ရှည်အိတ်ပေါင်း ၂၃၆၀၀( ၄၇၂၀၀၀ ပိဿာ ) နှင့် ငရုပ်ပုအိတ်ပေါင်း ၃၄၄၀ (၅၁၆၀၀ ပိဿာ) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

မန်ကျည်းသီး

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁-၁၂-၂၀၂၁ မှ ၃၀-၁၂-၂၀၂၁) ထိ တစ်လအတွင်းဖြစ်ပေါ်ခဲ့သော မန်းကျည်းသီး တစ်ပိဿာ ဈေးနှုန်းများမှာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရမည်းသင်းပွင့်ကပ် ကျပ် ၁၇၀၀၊ ကျောက်ပန်းတောင်း ( အသား ) မှာ ကျပ် ၂၉၀၀ ဖြစ်ကြောင်းသိရသည်။ တစ်လအတွင်း ရမည်းသင်းပွင့်ကပ် ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျောက်ပန်းတောင်း       (အသား) မှာ ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဗဟိုဌာန

Category: Local News